
Myanmar Thaing (Bando)
Minor Sport
ဗန်တို၊ဗန်ရှည် ကစားခြင်းသည် သိုင်းပညာ၏ ကဏ္ဍတရပ်ဖြစ်၍ ရန်သူကို ခုခံတိုက်ခိုက်နည်းတစ်မျိုးဖြစ်သည်။ ဗန်တိုသည် လက်နက်မဲ့ ကာကွယ် ခုခံတိုက်ခိုက်နည်းဖြစ်၍၊ မိမိကို ရန်ပြုလာသူအား လက်ထဲတွင် မည်သည့် လက်နက် အရာဝတ္ထု တခုခုကိုမျှ မကိုင်မသုံးဘဲ ခုခံကာကွယ်ခြင်းဖြစ်၍ ဗန်တိုဟုခေါ်သည်။ ဗန်တိုပညာသည် အပျော့ဗန်တိုနှင့် အမာ ဗန်တို ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ အပျော့ ဗန်တိုသည် မိမိကိုယ်ကို အထိမခံဘဲ ရှောင်တိမ်းကာတုံ့ပြန်စေသည့် နည်းကို အပျော့ဗန်တို ဟုခေါ်သည်။ အမာဗန်တိုသည် အခုခေတ်တွင် မြန်မာ့ လက်ဝှေ့ ဟုခေါ်သည်။ ၎င်းမှာ အကွဲကွဲ အပြဲပြဲ မတွန့်ဆုတ်ဘဲ ခံနိုင်ရည်၊ ပညာချင်း ယှဉ်ပြိုင်ပြီး တိုက်ခိုက်နည်းဖြစ်သည်။ ဗန်တိုသည် သိုင်းပညာရပ် တစ်ခုသာမက အတွေးအခေါ်၊ လောကီပညာများပါ ပေါင်းစပ်ပါဝင်သည်။ ဗန်တို၏ မူလအနက်မှာ ရှေးကျသော ပါဠိဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး "မိမိကိုယ်ကို ကျင့်ကြံအားထုတ်ခြင်း" ဟု အဓိပ္ပါယ်ရသည်။ ကာလကြာသော် "မိမိကိုယ်ကို ကျင့်ကြံကာကွယ်ခြင်း" ဟူ၍ ပြောင်းလဲ လာခဲ့သည်။